Events
Coconut project မှ တတိယအကြိမ်သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-08-28 15:19:02

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော Coconut Project မှ တတိယအကြိမ်သင်တန်း အစီအစဉ်ဖြစ်သည့် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းပို့ချသူများအဖြစ် ဆောင်ရွက်မည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအုန်းသီး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူများ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး သင်တန်းဖွင့်လှစ်ပို့ချမည့်နေ့ရက်၊ သင်တန်းပို့ချမည့်နေရာနှင့် အချိန်၊ သင်တန်းတွင်ပို့ချပေးမည့် အုန်းသီးအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်အမယ်များ စာရင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ သင်တန်းတွင်ပို့ချမည့် စားသောက်ကုန်အမယ်များအနေဖြင့် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ Natade Coco Processing ၊ Vacuum Frying Coco Flake နှင့် Coco Activated Charcoal ပြုလုပ်ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အုန်းသကြား၊ အုန်းရေခဲမုန့်၊ Coconut Jelly နှင့် Coconut Syrup ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ Coconut Sweet Candy ၊ Young Coconut Jelly နှင့် Coconut Gummy Jelly ပြုလုပ်ခြင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ဆွေးနွေးရရှိ ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတက်ရောက်မည့် သင်တန်းသားများစာရင်းကို အဆိုပြုပေးပို့ရန် နှင့် စီမံကိန်းမှဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကိုဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ကို နံနက် ၁၁:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026